သမ္မာကျမ်းလာသတင်းစကား-ကျေးဇူးပြု၍အောက်ပါတို့ဖတ်ပါ။
ကမ္ဘာ ၁း၁ | အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ |
ရော ၃း၂၃ | အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ။ |
ယော ၈း၃၄ | ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။ |
ဘုရားသခင်သည်ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့သည်။ သို့သော်ကျွန်ုပ်တို့သည်သူ့အားမသိသဖြင့်ကျွန်ုပ်၏
အပြစ်ရှိသောသဘောသဘာဝအရဘုရားသခင်နှင့်ကျွန်ုပ်တို့ကွာဝေးခဲ့ရပါသည်။ ဘုရားသခင်မပါသော
ကျွန်ုပ်တို့၏ဘ၀များသည်အဓိပ္ပါယ်မဲ့၊ရည်ရွယ်ချက်မဲ့ပါသည်။ ကျွန်ုပ်တို့အပြစ်၏အကျိုးဆက်(ပေးဆပ်
တန်ဖိုး)မှာကိုယ်ရောဝိညာဉ်ရေးရာပါသေဆုံးခြင်းဖြစ်ပါသည်။ ကိုယ်ခန္တာပိုင်းဆိုင်ရာသေဆုံးခြင်း
ဆိုသည်မှာကိုယ်ခန္တာပုတ်သိုးခြင်းဖြစ်သည်။ ကျွန်ုပ်တို့အပြစ်များရှိလျက်သေဆုံးသွားပါကဘုရားသခင်
နှင့်ထာဝရခွဲခြားခြင်းခံရမည်ဖြစ်ပြီးငရဲတွင်အဆုံးသတ်ခြင်းခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်များမှ
ကိုယ့်ကိုယ်ကိုကယ်တင်ပြီးဘုရားသခင်ထံပြန်လာမည်နည်း။ ကျွန်ုပ်တို့သည်မိမိကိုယ်ကိုကယ်တင်၍မရ
ပါ။ အကြောင်းမှာအပြစ်ရှိသောသူတစ်ယောက်သည်မိမိကိုယ်ကိုမည်သို့ကယ်တင်မည်နည်း။ (ဥပမာ
အနေဖြင့်ရေနှစ်နေသောသူသည်မိမိကိုယ်ကိုမည်သို့ကယ်တင်နိုင်မည်နည်း။) အခြားသူများသည်လည်း
အပြစ်ရှိသောသူများဖြစ်သဖြင့်ကျွန်ုပ်တို့အားကယ်ဆယ်ရန်မဖြစ်နိုင်ပါ။ (ဥပမာရေနှစ်သောသူတစ်ဦး
သည်အခြားရေနှစ်သောသူကိုမကယ်တင်နိုင်ပါ။ နှစ်ဦးစလုံးအကူအညီလိုအပ်ပါလိမ့်မည်။) ကျွန်ုပ်တို့
အနေဖြင့်အပြစ်မရှိသောသူတစ်ဦး(ရေမနှစ်သောသူ) မှလာရောက်၍ကျွန်ုပ်တို့၏အပြစ်များမှကယ်ဆယ်
ရန်လိုအပ်ပါသည်။ အပြစ်မရှိသောသူသာလျှင်ကျွန်ုပ်တို့အားကယ်တင်နိုင်ပါမည်။ ဤအပြစ်ရှိသော
ကမ္ဘာကြီးတွင်အပြစ်မဲ့သောသူတစ်ဦးဦးကိုမည်ကဲ့သို့တွေ့ရှိနိုင်ပါမည်နည်း။
ရော ၆း၂၃ | အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး တော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။ |
ယော ၃း၁၆ | ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ |
မ ၁း၂၃ | ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓွေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့်မှည့်ရလတံ့ ဟုလာသတည်း။ ဧမာနွေလအနက် ကား၊ ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟုဆိုလိုသတည်း။ |
ယော ၈း၂၃ | ယေရှု ကလည်း၊ သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်၏။ သင်တို့သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။ |
မာ ၁း၁၁ | သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ |
ယော ၈း၁၆ | ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ် ကြလိမ့်မည်။ |
ယော ၃း၃ | ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရာသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန် ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။ |
ယော ၁း၁၂ | ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ |
ကျွန်ုပ်တို့အားဖန်ဆင်းပြီးအလွန်တရာချစ်တော်မူသောဘုရားသခင်ထံတွင်အဖြေရှိပါသည်။ သူ၏
ကြီးမားလှသောမေတ္တာတော်ကြောင့်ကျွန်ုပ်တို့ထံသို့ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံရန်သူ၏
ကိုယ်ပိုင်သားတော်ကိုစေလွှတ်ခဲ့ပါသည်။ ခရစ်တော်သည်ကမ္ဘာမြေကြီးမှမဟုတ်သဖြင့်သူသည်အပြစ်
ကင်းမဲ့ပါသည်။ ထို့အပြင်ကမ္ဘာပေါ်တွင်ရောက်ရှိစဉ်မကောင်းဆိုးရွားများ၏အပြစ်သို့သွေးဆောင်
ဖြားယောင်းခြင်းများကိုဖြတ်ကျော်နိုင်ခဲ့ပါသည်။ သူ၏ဘ၀သည်ကောင်းကင်ဘုံရှိဘုရားသခင်ကိုစိတ်
ကျေနပ်စေခဲ့ပါသည်။ ခရစ်တော်သည်ကျွန်ုပ်တို့၏အပြစ်များကိုယူဆောင်ကာကျွန်ုပ်တို့၏အပြစ်များ
အတွက်ကားတိုင်ပေါ်တွင်အသေခံခဲ့ပါသည်။သူသည်ကျွန်ုပ်တို့၏အသက်များကိုကယ်တင်သူတစ်ဦးဖြစ်
ပါသည်။(ခရစ်တော်သည်ကျွန်ုပ်တို့အားကယ်တင်နိုင်ပါသည်။အကြောင်းမှာသူသည်ရေနှစ်နေသူတစ်ဦး
မဟုတ်ပေ။)ခရစ်တော်ကားတိုင်ပေါ်တွင်သေဆုံးရခြင်း၏ရည်ရွယ်ချက်မှာကျွန်ုပ်တို့၏အပြစ်များအတွက်
အဖိုးအခကိုပေးရန်ဖြစ်ပါသည်။ ဤနည်းအားဖြင့်ကျွန်ုပ်တို့ထံမှအပြစ်များကိုနှုတ်ယူကာဘုရားနှင့်ကျွန်ုပ်
တို့၏ပျက်စီးသွားသောဆက်ဆံရေးကိုပြန်လည်ယူဆောင်လာပေးပါသည်။ ကျွန်ုပ်တို့သည်ဘုရားသခင်
၏တန်ခိုးတော်အားဖြင့်ဝိညာဉ်ရေးရာသေဆုံးခြင်း(ဘုရားသခင်ထံမှဝေးကွာခြင်း) မှပြန်လည်အသက်ရှင်
လာကြပါသည်။ ဤဆက်ဆံရေးကိုနောက်တစ်ဖန်မွေးဖွားခြင်းဟုခေါ်ကြပါသည်။ ဤအရာသည်
ကျွန်ုပ်တို့အားဖန်ဆင်းခဲ့ရခြင်း၏ ရည်ရွယ်ချက်၊တည်ရှိနေခြင်းအစရှိသည်တို့ကိုပြန်လည်ရရှိစေပြီး
အသက်ရှင်နေထိုင်ခြင်း၏အဓိကအဓိပ္ပါယ်နှင့်ရည်ရွယ်ချက်ကိုပေးပါသည်။
ယော ၁၁း၂၅ | ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ |
ရော ၆း၉ | သေခြင်းတရား သည် နောက်တဖန်ကိုယ်တော်ကို မအုပ်စိုးရသည်ကိုထောက်သော်၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင်၊ ထိုသခင်နှင့်အတူရှင်လိမ့်မည်ဟု သဘောရှိကြ၏။ |
တ ၂း၂၄ | ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကိုဘုရားသခင်သည် ချွတ်ပယ်၍ ထမြောက်စေတော်မူပြီ။ |
ရော ၁၄း၉ | အကြောင်းမူကား၊ ခရစ်တော်သည်၊ သေသောသူတို့ကို၎င်း၊ ရှင်သော သူတို့ကို၎င်း၊ အစိုးရသောအရှင်ဖြစ်စေလိုသောငှါ အသေခံ၍၊ ခံပြီးမှအသက်ရှင်ပြန်တော်မူ၏။ |
တ ၁း၁၁ | အိုဂါလိလဲလူတို့၊အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ဟုပြောဆို၏။ |
မည်သည့်အရာတို့သည်ခရစ်တော်ကျွန်ုပ်တို့အပြစ်များအတွက် အသေခံခြင်းစွန့်လွှတ်မှုသည်
ကောင်းကင်ဘုံရှိဘုရားသခင်ကိုကျေနပ်မှုရှိနေသည်ကို သက်သေပြနေသနည်း။ သက်သေမှာ
ဘုရားသခင်အားဖြင့်ခရစ်တော်သည်သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်ခဲ့ခြင်းဖြစ်ပါသည်။ ပြန်လည်
ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ခရစ်တော်သည်သေခြင်းကိုအောင်မြင်ခဲ့ကြောင်း( သို့မဟုတ် တနည်း
အားဖြင့် သေခြင်းသည်ခရစ်တော်ကိုမလွန်ဆန်နိုင်ကြောင်း)ကိုသက်သေပြနေပါသည်။ ထို့ကြောင့်
ယခုတွင်ခရစ်တော်အသက်ရှင်ခြင်းကြောင့်ကျွန်ုပ်တို့အားလုံးလည်း အသက်ရှင်နေရခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့အတွင်းရှိသူ၏အသက်သည်ကျွန်ုပ်တို့အားအသက်ကိုပေးနေပါသည်။ထို့အပြင်သူသည်ရှင်ပြန်
ထမြောက်ခဲ့သဖြင့်ယနေ့အချိန်အထိအသက်ရှင်နေဆဲဖြစ်ပါသည်။
ယော ၅း၂၄ | ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသော သူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင် ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။ |
ယော ၁၀း၉ | ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ်မည်။ |
ယော ၁၄း၆ | ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ |
ယော ၈း၂၄ | ထိုကြောင့် သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
တ ၄း၁၂ | ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။ |
ရော ၁၀း၁၃ | အကြောင်း မူကား၊ ထာဝရဘုရား ကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။ |
ရော ၁၀း၁၁ | ကယ်တင်ခြင်း သို့ရောက်ခြင်းငှါ နှုတ်ဖြင့်ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြုသောသူမည်သည်ကား၊ ရှက် ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။ |
ရော ၂း၁၁ | ဘုရားသခင်သည် အဘယ်သူ၏ မျက်နှာကိုမျှ မှတ်တော်မမူ။ |
ရော ၃း၂၂ | ယေရှုခရစ်ကို ယုံကြည်ခြင်း အားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့အပေါ်သို့ ရောက်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည်ထင်ရှားခဲ့ပြီ။ ခြားနားခြင်း အလျှင်းမရှိ။ |
ရော ၁၀း၉ | အဘယ်သို့နည်း ဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ |
ကျွန်ုပ်တို့၏အပြစ်များကိုဖယ်ထုတ်ပြီးဘ၀အသစ်ကိုမည်သို့ရရှိနိုင်မည်နည်း။ ခရစ်တော်ကိုကျွန်ုပ်တို့၏
ဘုရားသခင်နှင့်ကယ်တင်ရှင်အနေဖြင့်ယုံကြည်ခြင်းအားဖြင့်ရရှိပါမည်။ အကယ်၍ကျွန်ုပ်တို့သည်
ကျွန်ုပ်တို့၏အပြစ်ရှိသောပုံစံများကိုနောင်တရပြီးခရစ်တော်ကို ကျွန်ုပ်တို့အားခွင့်လွှတ်ရန်ကယ်တင်ရန်
ခေါ်ခဲ့ပါကသူသည်ကျွန်ုပ်တို့ကိုလုပ်ပေးမည်ဖြစ်ပါသည်။ ခရစ်တော်သည်ကျွန်ုပ်တို့အပြစ်များအတွက်
ကမ္ဘာမြေကြီးသို့လာရောက်ကာအသေခံခဲ့သောဘုရား၏သားတော်ဖြစ်ပါသည်။ ခရစ်တော်ကိုယုံကြည်
သောကမ္ဘာသားအားလုံးသည်ဘုရားသခင်ထံမှခွင့်လွှတ်မှုကိုရရှိပြီးကျွန်ုပ်တို့အပြစ်များမှကယ်တင်ခြင်းခံ
ရကာဘုရားသခင်ထံမှဘ၀သစ်ကိုရရှိမည်ဖြစ်ပါသည်။ ဘုရားသခင်သည်ဘက်လိုက်မှုမရှိပေ။ ကျွန်ုပ်တို့
နေထိုင်ရာနေရာ၊ကျွန်ုပ်တို့ပြောသောဘာသာစကား၊ချမ်းသာခြင်း၊ဆင်းရဲခြင်း၊အမျိုးသားသို့မဟုတ်အမျိုး
သမီး၊အသက်ငယ်၊အသက်ကြီးသို့မဟုတ်အခြားသောကိုယ်ခန္တာပိုင်းဆိုင်ရာမတူညီမှုများကိုသူဂရုမထား
ပေ။ ခရစ်တော်ကိုယုံကြည်၍အပြစ်ဝန်ခံသောမည်သူမဆိုသည်ကယ်တင်ခြင်းခံရမည်ဖြစ်ပါသည်။
အကယ်၍ခရစ်တော်နောက်ကိုလိုက်လိုသည်ဟုသင်ဆုံးဖြတ်ခဲ့ပါက အောက်ပါဆုတောင်းချက်အတိုင်း
သင်ဆုတောင်းနိုင်ပါသည်။
ကောင်းကင်ဘုံ၌ရှိတော်မူသောဘုရားသခင်၊ကျွန်ုပ်၏အပြစ်များအတွက် အသက်သေခံကာ
ကျွန်ုပ်ကိုကယ်တင်၍ကောင်းကင်ဘုံမှအသက်တာအသစ်ကိုပေးတော်မူသော ကိုယ်တော်၏တစ်ဦး
တည်းသောသားတော်ကိုပေးခဲ့သည့်အတွက်ကျေးဇူးတင်ပါသည်။ ကျွန်ုပ်၏အပြစ်များအတွက်
နောင်တရပြီးထိုအပြစ်များအတွက်ခွင့်လွှတ်တော်မူပါ။ ခရစ်တော်ကိုယုံကြည်ပြီးခရစ်တော်အား
ဘုရာသခင်ကယ်တင်ရှင်အဖြစ်လက်ခံပါပြီ။ ဤအသက်တာအသစ်တွင်ကိုယ်တော်ကိုကျေနပ်
အားရစေနိုင်ပါမည့်အကြောင်းကူညီပြီးလမ်းပြတော်မူပါ။ အာမေ
အကယ်၍သင်သည်အထက်ပါဆုတောင်းချက်ကိုဆုတောင်းပြီးလျှင် ဘုရားသခင်ထံသို့သင်သွားရမည့်
ဘုရားကျောင်းကိုပြသတော်မူပါရန်ဆုတောင်းပါ။ဆုတောင်းချက်အားဖြင့် ဘုရားသခင်နှင့်ပုံမှန်စကား
ပြောပါ။ ဘုရားသခင်သည်သင်နှင့်စကားပြောပါလိမ့်မည်။ ဘုရားသခင်၏စကားသံကိုနားထောင်ပါ။
ဘုရားသခင်သည်သင့်အားလမ်းပြပါလိမ့်မည်။ သူသည်သင့်အားချစ်၍သင့်အားဂရုစိုက်ပါလိမ့်မည်။
သင်သည်သူ့အားယုံကြည်နိုင်ပါသည်။ သူအားယုံကြည်သောသူများကိုဘယ်သောအခါမျှစိတ်မပျက်စေ
ပေ။ ဘုရားသခင်သည်ကောင်းမွန်တော်မူပါသည်။ သူ့အားယုံကြည်စိတ်ချနိုင်ပါသည်။ သင်၏
အသက်တာအတွက်သူ့အားမှီခိုအားကိုးနိုင်ပါသည်။ သင်၏လိုအပ်ချက်များကိုသူ့ထံသို့ယူဆောင်လာ
နိုင်ပါသည်။ သင့်ကိုဂရုစိုက်ပြီးကောင်းချီးမင်္ဂလာများချပေးသနားပါလိမ့်မည်။ ဘုရားသခင်က “ငါသည်
သင့်ကိုမစွန့်၊သင့်ကိုအလျှင်းပစ်မထား”ဟုဂတိတော်ပေးထားပါသည်။ ဘုရားသခင်ကိုယုံကြည့်ပါ။
ခရစ်တော်သခင်ယေရှူးအားဖြင့်ကောင်းချီးမင်္ဂလာခံစားရပါလိမ့်မည်။
ကျမ်းစာကိုရှင်ယောဟန်ခရစ်ဝင်မှစကာပုံမှန်ဖတ်ပေးပါ။ အင်တာနက်အရင်းအမြစ်များပိုရလိုပါကအောက်ပါတို့ကိုနှိပ်ပါ-